မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားပြီး ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိ

Feb 24 • 7:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားပြီး ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုကြောင့် လက်ရှိအချိန်၌ လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာတွင် အနည်းငယ်ပျက်စီးခဲ့သဖြင့် လေဆိပ်၏ လေယာဉ...

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုကြောင့် လက်ရှိအချိန်၌ လေဆိပ်ရှိ လေယာဉ်ရပ်နားနေရာတွင် အနည်းငယ်ပျက်စီးခဲ့သဖြင့် လေဆိပ်၏ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားရန် လေယာဉ်မှူးအသိပေးစာ (NOTAM) ထုတ်ပြန်ထားကြောင်း ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။ထို့အတွက်ကြောင့် အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်းလေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ပျံသန်းပြေးဆွဲမှုများအား ခေတ္တရပ်နားထားခြင်းနှင့် ပတ်သက်လို့ ပြည်တွင်း လေကြောင်းလိုင်းအချို့မှလည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ မြစ်ကြီးနားခရီးစဉ်များ ပျံသန်းပြေးဆွဲမှု ခေတ္တဆိုင်းငံ့ထားမှာဖြစ်ပြီး အဆိုပါ ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ခရီးသွားရက် ပြောင်းလဲခြင်း တစ်ကြိမ်အခမဲ့ ၊ ငွေအပြည့်ပြန်အမ်းခြင်း (ဝယ်ယူထားသည့် တန်ဖိုးအတိုင်း) ပြုလုပ်နိုင်မယ်လို့ အသိပေးမှုများပြုလုပ်ထားပါတယ်။ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာ အမျိုးသား လေကြောင်းလိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ် တစ်စင်းအား FPV suicide drone များဖြင့် တိုက်ခိုက်ခံရပြီး လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

news-view-count-icon

18