ရွှေစာရံဘုရားပွဲကာလ မြစ်ကြောင်းတစ်လျှောက် ကယ်ဆယ်ရေးများအရန်သင့်ထားရှိသင့်ဟုဆို

Feb 23 • 12:55 PM

breaking-news

မြန်မာ

မန္တလေး

cover

ရွှေစာရံဘုရားပွဲကာလ မြစ်ကြောင်းတစ်လျှောက် ကယ်ဆယ်ရေးများအရန်သင့်ထားရှိသင့်ဟုဆို

ရွှေစာရံဘုရားပွဲတော်ကာလအတွင်း ဒုဋ္ဌ၀တီမြစ်ကြောင်းတစ်လျှောက် ကယ်ဆယ်ရေးအသင်းအဖွဲ့များ အရန် သင့်ထားရှိသင့်ကြောင်း ဒေသခံများက အကြံပြုပြောဆိုနေကြပါတယ်။ဘုရားပွဲတော်လာ...

ရွှေစာရံဘုရားပွဲတော်ကာလအတွင်း ဒုဋ္ဌ၀တီမြစ်ကြောင်းတစ်လျှောက် ကယ်ဆယ်ရေးအသင်းအဖွဲ့များ အရန် သင့်ထားရှိသင့်ကြောင်း ဒေသခံများက အကြံပြုပြောဆိုနေကြပါတယ်။ဘုရားပွဲတော်လာပြည်သူများ မြစ်အတွင်းရေဆင်းကစားရာမှ ရေနစ်ပျောက်ဆုံးမှုတို့ နှစ်စဉ်ဖြစ်ပွားလေ့ရှိသဖြင့် ယခုနှစ်ဘုရားပွဲတော်ကာလမှစ၍ ကယ်ဆယ်ရေးအသင်းအဖွဲ့များထားရှိရန် အကြံပြုတိုက်တွန်းလိုခြင်းဖြစ် ကြောင်း ၎င်းတို့က ဆိုပါတယ်။မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာတွင်နှစ်စဉ်ကျင်းပနေကျဖြစ်သော ရွှေစာရံဘုရားပွဲ တော်ကို လာမည့်တပေါင်းလပြည့်နေ့မှ လပြည့်ကျော်(၈)ရက်နေ့အထိ ကျင်းပသွားရန်ဖြစ်သော်လည်း ပွဲတော် ရက်မတိုင်ခင်ကပင် ဘုရားပွဲလာသူများဖြင့်စည်ကားနေပြီဖြစ်ပါတယ်။ရွှေစာရံဘုရားပွဲတော်သည် ရေလမ်းခရီးပါဝင်သော ရက်ရှည်ကျင်းပသည့်ပွဲတော်တစ်ခုလည်းဖြစ်ပြီး နှစ်စဉ် ရေနစ် ပျောက်ဆုံးမှုဖြစ်စဉ်အချို့ ရှိခဲ့ဖူးကြောင်း သိရပါတယ်။









news-view-count-icon

11