ဆင်စီး၍ဘွဲ့ယူသည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူများကြား နှစ်ခြိုက်သဘောကျနေ

Feb 23 • 12:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆင်စီး၍ဘွဲ့ယူသည့်အပေါ် လူမှုကွန်ရက်သုံးစွဲသူများကြား နှစ်ခြိုက်သဘောကျနေ

မြန်မာတစ်နိုင်ငံလုံးတွင် ထူးခြားသောဖြစ်ရပ်မျိုးလည်းဖြစ်သလို မင်္ဂလာရှိသော ဆင်ယာဉ်တော်ဖြင့် ဘွဲ့ဝင်းခင်းခြင်းဟူ၍ ဖော်ပြထားခြင်းကြောင့် သဘောတကျ ပြန်လည်မျှဝေဖော်ပြ...

မြန်မာတစ်နိုင်ငံလုံးတွင် ထူးခြားသောဖြစ်ရပ်မျိုးလည်းဖြစ်သလို မင်္ဂလာရှိသော ဆင်ယာဉ်တော်ဖြင့် ဘွဲ့ဝင်းခင်းခြင်းဟူ၍ ဖော်ပြထားခြင်းကြောင့် သဘောတကျ ပြန်လည်မျှဝေဖော်ပြသူများရှိခဲ့သည်။ ထိုဖြစ်ရပ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ပြီးခဲ့သောရက်ပိုင်းက ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဘွဲ့ရရှိသည့် ကျောင်းသားတစ်ဦးမှာ ၎င်းနေထိုင်သော တက္ကသိုလ်ကျောင်းအနီး ကျေးရွာမှ ဆင်စီး၍ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ လာရောက်ခြင်းလည်းဖြစ်သည်။အချို့မှာလည်း ရှင်လောင်းလှည့်ပွဲထင်ရာမှ သေချာကြည့်သည့်အခါ ဆင်ပေါ်တွင်လိုက်ပါသူမှာ သိပ္ပံတွဲဘွဲ့ဝတ်စုံကို ဝတ်ဆင်ထားသည်ကို ထူးထူးခြားခြားမြင်တွေ့ခဲ့ကြောင်း ဆိုထားသည်။အချို့သော လူမှုကွန်ရက်သုံးစွဲသူများက ထိုသို့လုပ်ဆောင်သည်မှာ အများထက်ထူးအောင်လုပ်သည်ဟုဆိုသော်လည်း ထိုသို့ဖောက်ထွက်လုပ်ဆောင်မှုအပေါ် သဘောကျသည့်သူများကြကြောင်းသိရသည်။



news-view-count-icon

12