ဖေဖော်ဝါရီလ ၂၁ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည်ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များကို သင်ကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက အလယ်တန်းပြ ဆရာမများကို ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း ဒေါက်တာချောချောစိန်က ပြောဆိုခဲ့သည်။



