မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ကိုရီးယားဒါရိုက်တာများ၊ သရုပ်ဆောင်များ ပူးပေါင်းရိုက်ကူးမည့် "All Pass" အမည်ရှိ လူငယ်ဒရာမာ ဇာတ်လမ်းတွဲ ကန်တော့ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော်၌ ကျင်းပခဲ့သည်။ အဆိုပါ ဇာတ်လမ်းတွဲကို ကိုရီးယားဒါရိုက်တာ ရှင်ကီဝန်းက ဦးဆောင်ကာ မြန်မာနိုင်ငံမှ ဒါရိုက်တာ ဇော်G နှင့် အဖွဲ့တို့က ပူးပေါင်းရိုက်ကူးမည်ဖြစ်ပြီး၊ လင်းလက်ခွန်းချို၊ ပြည့်စုံ တို့အပါအဝင် မြန်မာသရုပ်ဆောင်များနှင့် ကိုရီးယားသရုပ်ဆောင် ၉ ဦးတို့ ပါဝင်အားဖြည့်သွားမည်ဖြစ်သည်။ လူငယ်များ၏ ဘဝအောင်မြင်ရေးနှင့် အတွေးအခေါ်မှန်ကန်ရေးကို ရည်ရွယ်သည့် ဤဇာတ်လမ်းတွဲကို နှစ်နိုင်ငံစလုံးတွင် သွားရောက်ရိုက်ကူးမည်ဖြစ်ကာ လာမည့်မတ်လတွင် အပြီးသတ်ထုတ်လုပ်၍ MRTV နှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ပူးပေါင်းရိုက်ကူးမည့် ဇာတ်လမ်းတွဲ ကန်တော့ပွဲပြုလုပ်
Feb 22 • 6:52 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 14 | 0 | 0 | 0 |


