ဂျပန်ရောက် မြန်မာသင်တန်းသားအဆောင် မီးလောင်မှုဖြစ်ပွားပြီး အခြားသူများကို လိုက်လံနှိုးဆော်ခဲ့သည့် လူငယ်တစ်ဦး မီးထဲမှ ပြန်မထွက်နိုင်ဘဲ သေဆုံး

Feb 22 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်ရောက် မြန်မာသင်တန်းသားအဆောင် မီးလောင်မှုဖြစ်ပွားပြီး အခြားသူများကို လိုက်လံနှိုးဆော်ခဲ့သည့် လူငယ်တစ်ဦး မီးထဲမှ ပြန်မထွက်နိုင်ဘဲ သေဆုံး

ဂျပန်နိုင်ငံ၊ အီဘာရာကီခရိုင် (Ibaraki)၊ ရှိမိုဆုမမြို့ (Shimotsuma) ရှိ မြန်မာသင်တန်းသား ၂၁ ဦး နေထိုင်သည့် သစ်သားနှစ်ထပ်အဆောင်တစ်ခုတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင...

ဂျပန်နိုင်ငံ၊ အီဘာရာကီခရိုင် (Ibaraki)၊ ရှိမိုဆုမမြို့ (Shimotsuma) ရှိ မြန်မာသင်တန်းသား ၂၁ ဦး နေထိုင်သည့် သစ်သားနှစ်ထပ်အဆောင်တစ်ခုတွင် ဖေဖော်ဝါရီလ ၁၉ ရက် ညပိုင်းက အပူပေးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၂၇ နှစ်အရွယ် မြန်မာလူငယ် ကိုဝေဖြိုးနောင် သေဆုံးခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသို့ စိုက်ပျိုးရေးသင်တန်းသားအဖြစ် ရောက်ရှိသည်မှာ ရက်ပေါင်း ၂၀ ခန့်သာ ရှိသေးသည့် ကိုဝေဖြိုးနောင်သည် မီးလောင်ချိန်တွင် အပြင်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း စာရွက်စာတမ်းများ ပြန်ဝင်ယူရန်နှင့် အထဲတွင် ကျန်နေသူများကို လိုက်လံနှိုးဆော်ရန်အတွက် အဆောင်အတွင်းသို့ ပြန်ဝင်သွားရာမှ မီးထဲတွင် ပိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အခြားသူများကို ဘေးလွတ်ရာသို့ ပြေးရန် သတိပေးနှိုးဆော်ခဲ့သည့် စိတ်ထားကောင်းသူတစ်ဦးဖြစ်သဖြင့် အတူနေ မြန်မာသင်တန်းသားများအားလုံးက များစွာစိတ်မကောင်းဖြစ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

10