ရန်ကုန်၊တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်ယောက်ကို ‌သေဆုံးလျက်ပြန်လည်တွေ့ရှိ

Feb 21 • 8:14 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်ယောက်ကို ‌သေဆုံးလျက်ပြန်လည်တွေ့ရှိ

ရန်ကုန်မြို့၊တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်‌ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်ပိိုင်းမှာ ‌သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လ...

ရန်ကုန်မြို့၊တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီးမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်နှစ်‌ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်ပိိုင်းမှာ ‌သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။တစ်ညနဲ့ တစ်ရက် ပျောက်ဆုံး‌နေခဲ့တဲ့ ကလေးငယ်နှစ်ဦးဟာ သူတို့နေထိုင်ရာအနီးက မြေကွက်လပ်တစ်ခုက ရေအိုင်မှာ ရေနစ်သေဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့ အဲဒီအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေရဲ့ ပြောကြားမှု‌တွေအရ သိရပါတယ်။ဟိုတနေ့ညနေက ကလေးတွေကစားနေရင်းနဲ့ပျောက်သွားတယ်ပေါ့။ တယောက်ယောက်က ဖမ်းခေါ်သွားတယ်ပဲထင်တာပါ။ မိဘတွေလည်းလိုက်ရှာတယ် အနီးပတ်ဝန်းကျင်ကလူတွေလည်းလိုက်ရှာတယ်။ ဘယ်လိုမှမတွေ့ဘူး။အခုမနက်ကျမှ ဂိုဒေါင်ဆောက်ဖို့ပြင်ဆင်နေတဲ့ မြေကွက်လပ်တခုက ရေကန်တော့မဟုတ်ဘူးပေါ့။ ရေဝပ်နေတဲ့နေရာလေးတစ်ခုမှာ ‌ကလေးတွေကို သေဆုံးလျက်ပြန်တွေ့တယ်။ကလေးအလောင်းတွေပုပ်ပွနေပြီ။ ကလေး မိဘတွေလည်းရင်ကွဲမတတ်ပါပဲ"လို့ အဲဒီယောက်ကော်ပန်းခြံအနီးမှာ အလုပ်လုပ်ကိုင်သူတယောက်က VOM ကို ပြောပါတယ်။အဲဒီကလေးငယ်နှစ်ယောက်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ယောက်ကော်ပန်းခြံအနီး ဆော့ကစားနေရင်း ညနေ ၄ နာရီခန့်က သူတို့မိဘတွေရှိရာ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့တာပါတယ်။ကစားနေကြရာကနေပျောက်သွားတာ

မနေ့ညနေ ၄ နာရီလောက်ကပျောက်သွားတာပါ။မိန်းကလေး တယောက်၊ယောကျ်ားလေးတယောက်ပါ။ နှစ်ယာက်လုံးက ၇ နှစ်ပါ။ အရင်ထဲက ကလေးတွေက အတူ ဆော့နေကြ

လေ၊ အဲဒီနေ့ကလည်း ကလေးနှစ်ယောက်ဆော့ရင်းနဲ့ပျောက်သွားတာ ကစားကြမယ်ဆိုပြီးပျောက်သွားတာ အခုလိုပြန်တွေ့တော့ အားလုံးက ကလေးတွေအတွက် စိတ်မကောင်းဖြစ်နေကြတယ်"လို့ သူက ဆက်ပြီးပြောပြပါတယ်။အခင်းဖြစ်ရာသို့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နယ်ခံ မြို့ဦးလုလင်လူမှုရေးအသင်း အပါအဝင် ပရဟိတအသင်းအဖွဲ့တွေက လာရောက်ယူပြီး ရဲလုပ်ငန်းစဉ်နဲ့ ကလေးငယ်နှစ်ဦးရဲ့ အလောင်းသယ်ယူခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ယနေ့ နံနက် သေဆုံးလျက်ပြန်တွေ့ခဲ့တဲ့ ကလေးနှစ်ယောက်ကို ပျောက်ဆုံးခဲ့စဉ်က ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေအတိုင်းပြန်တွေ့ခဲ့ရတယ်လို့လည်း အခင်းဖြစ်နေရာ အနီးမှာနေထိုင်သူတယောက်က ဆက်ပြီး ပြောပြပါတယ်။ပျောက်ဆုံးရာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တဲ့ ကလေးနာမည်မှာ မောင်အောင်ပြည့်စုံနဲ့ မသဲသဲတုန် အသက်(၇)နှစ်ဖြစ်တယ်လို့ သိရပါတယ်။ကလေးနှစ်ယောက်ပျောက်ဆုံးလနေစဉ်ကာလအတွင်း ကလေးငယ်မိဘတွေထံ လူတချို့က ဖုန်းဖြင့်ဆက်သွယ်လာပြီး ပျောက်ဆုံးကလေးငယ်နှစ်ယောက်သူတို့နဲ့ အတူရှိနေပြီး KPay ဖြင့် ငွေသိန်း ၅ဝ လွှဲပေးဖို့ ပြောကြားလိမ်လည်သူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။



news-view-count-icon

16