မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မင်းတုန်းမင်းတရားကြီး ကိုယ်တိုင်စိုက်ပျိုးပူဇော်ခဲ့သည့် သမိုင်းဝင် မဟာဗောဓိပင်တော်ကြီး သက်တော် ၁၆၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းတွင် သစ်တံခါးဆရာတော် (ယောဆရာတော်ကြီး) ၏ အထူးတရားပွဲကို ဘုရားဝင်းအတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗောဓိပင်တော်ကြီးကို သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် ရတနာပုံမြို့တည်နန်းတည် အထိမ်းအမှတ်အဖြစ် သီဟိုဠ်ကျွန်းမှ ပင့်ဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး၊ နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့်အပြင် ဘုရားဝင်းအတွင်း၌ အသည်းဝန်မင်း တည်ထားခဲ့သော ဆုတောင်းရနှင့် ဆုတောင်းပြည့် ဘုရားနှစ်ဆူလည်း တည်ရှိကြောင်း သိရသည်။
မန္တလေးမြို့ရှိ သမိုင်းဝင် မဟာဗောဓိပင် သက်တော် ၁၆၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သစ်တံခါးဆရာတော်ကြီး၏ အထူးတရားပွဲ ကျင်းပမည်
Feb 21 • 6:29 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


