မြန်မာနိုင်ငံမှာ ဆေးလိပ်အစားထိုးအဖြစ် အသုံးပြုနေတဲ့ Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ တားမြစ်ထားမှုကို ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများဥပဒေအရ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ၊ ထောင်ဒဏ်အနေနဲ့ဆိုရင် အနည်းဆုံး ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေနဲ့ ငါးသိန်းကျပ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူခြင်း ၊ ရောင်းချခြင်းနဲ့ သုံးစွဲခြင်းကို တားမြစ်ပိတ်ပင်တဲ့ အပေါ် ပြည်သူတွေအကြား ထောက်ခံမှုရှိနေပြီး တဖက်မှာလည်း တရားမဝင် စျေးကွက်ပေါ်လာနိုင်တယ်လို့ လည်း သိရပါတယ် ။
အီးစီးကရက်သောက်သုံးခြင်းဟာ စီးကရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းနည်းတူ အဆုတ်ကို ထိခိုက်စေသလို ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်ပြီး ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ် ။



