မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အင်ကြင်းကုန်းကျောင်းတိုက်အတွင်းရှိဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည်က ချစ်သူနှစ်ဦးဟာ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်လာခဲ့ပြီးနောက် သိမ်အတွင်း ဝင်ကာ မဖွယ်မရာပြုလုပ်နေတာကို ကျောင်းနေရဟန်းတစ်ပါးက ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်အပေါ် တင်ခဲ့တာပါ။
ဒါကြောင့် ဘာသာရေးအရ သန့်ရှင်းမြင့်မြတ်သော နေရာဖြစ်တဲ့ သိမ်အတွင်း အခုလိုအပြုအမူ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံများအနေနဲ့ အံ့ဩမှုနှင့် မကျေနပ်မှုများ မြင့်တက်ခဲ့ပြီး မောင်းထုတ်ဖို့အထိ တောင်းဆိုလာတာပါ။



