ရှမ်းပြည်နယ်၊ပင်လုံ - ကျောက်တန်းလမ်းတွင် ဘုရားဖူးအပြန် မော်တော်ကား တိမ်းမှောက် ၆ ဦး သေဆုံး

Feb 20 • 1:33 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ပင်လုံ - ကျောက်တန်းလမ်းတွင် ဘုရားဖူးအပြန် မော်တော်ကား တိမ်းမှောက် ၆ ဦး သေဆုံး

ရှမ်းပြည်နယ်၊ရပ်စောက်မြို့မှ ပင်လုံသို့ ဘုရားဖူး 4 Wheels အဖြူရောင် မော်တော်ကား တစ်စီး ယမန်နေ့၌ ပင်လုံ- ကျောက်တန်းလမ်းမှ အပြန်တွင် မော်တော်ကား တိမ်းမှောက်ခြင်းက...

ရှမ်းပြည်နယ်၊ရပ်စောက်မြို့မှ ပင်လုံသို့ ဘုရားဖူး 4 Wheels အဖြူရောင် မော်တော်ကား တစ်စီး ယမန်နေ့၌ ပင်လုံ- ကျောက်တန်းလမ်းမှ အပြန်တွင် မော်တော်ကား တိမ်းမှောက်ခြင်းကြောင့် ကားပေါ် ပါလာသူ ၁၅ ဦး ခန့် အနက် ၆ ဦး သေဆုံးကာ ၊ ကျန်သူများ ဒဏ်ရာ ရရှိကြောင်း လူမှုကူညီရေး အသင်းထံမှ သိရသည်။"ကျောက်တန်းလမ်း အပြန်မှာ ဖြစ်တာ ၊ ပင်လုံကို ဘုရားဖူး လာရင်းနဲ့ အပြန် ကျောက်တန်းလမ်းမှာ ကားမှောက် တောင်အောက်ကျသွားတာပါ။ ရပ်စောက် ဘုန်းကြီးတွေ လူနာတွေကို ဟိုပုံးကို ပြန်သယ်သွားပါပြီ။ ”ဟု ပင်လုံ မြို့ခံ တစ်ဦးက ပြောပြသည်။ထို လူနာများနှင့် သေဆုံးသူများကို ဟိုပုံးဘက်သို့ ပြန်သယ်ဆောင်သွားပြီ ဖြစ်ပြီး မော်တော် ကားပေါ်ပါလာသော ၁၅ ဦးခန့် အနက် ၊ ၆ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ပြင်းထန်ကာ ၊ အခြားလူများ ဆေးရုံ တက်နေရကြောင်း သိရသည်။မော်တော်ကား တိမ်းမှောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ဆေးရုံတက်လူနာရှိသလို ၊ ဆေးရုံ မတက်သူ တချို့လည်းရှိကြောင်းလူမှုကူညီရေး အသင်းထံမှ သိရသည်။

news-view-count-icon

12