ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို တင်းကျပ်စွာ ဖမ်းဆီးမှုများ ပြုလုပ်လာသည့် နောက်ပိုင်း ဒေသခံများအနေဖြင့် လိုင်းကား အသုံးပြုမှု ပိုမိုများလာကြောင်း သိရသည်။မြို့တွင်း လိုင်းကားများသည် မနက် ၆ နာရီတွင် မောချယ်ရီဂိတ်မှ စတင်ထွက်ခွာကာ ညနေ ၅ နာရီအထိ ပြေးဆွဲလျက်ရှိသည်။ ပုံမှန်အားဖြင့် ၁၅ မိနစ်တစ်စီး၊ ၇ မိနစ်ခြားတစ်စီးနှုန်းဖြင့် ပြေးဆွဲသော်လည်း မှတ်တိုင်တစ်ခုနှင့်တစ်ခုတွင် ခရီးသည်စောင့်ဆိုင်းချိန်ကြာမြင့်ခြင်းနှင့် အချို့ယာဉ်များ အရှိန်လွန်ပြေးဆွဲခြင်းတို့ကြောင့် အချိန်ကွာဟမှုများ ဖြစ်ပေါ်တတ်ကြောင်း ခရီးသည်များက ပြောသည်။



