နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာတိုက်များနှင့် လမ်းတံတားများ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ မြို့တော်ဝန်က ဇေယျသိဒ္ဓိရပ်ကွက်ရှိ (၃) ထပ် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိစေရန် အရည်အသွေးမြင့်ပစ္စည်းများ အသုံးပြုရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပျက်စီးသွားသော လမ်းများ၊ ရေမြောင်းများနှင့် Box Culvert များ ပြုပြင်နေမှုကိုလည်း စစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
နေပြည်တော်ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိရန်နှင့် စံချိန်စံညွှန်းမီရန် မြို့တော်ဝန် ညွှန်ကြား
Feb 18 • 3:52 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 21 | 0 | 0 | 0 |


