လိုင်စင်မရှိဘဲ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသမှုနှင့် သင်တန်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ပြဋ္ဌာန်း

Feb 18 • 2:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လိုင်စင်မရှိဘဲ ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသမှုနှင့် သင်တန်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ရန် ဥပဒေပြင်ဆင်ပြဋ္ဌာန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး၊ လိုင်စင...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး၊ လိုင်စင်မရှိဘဲ ပုဂ္ဂလိကဆေးရုံလုပ်ငန်း၊ ကုသမှုအထောက်အကူပြု သင်တန်းကျောင်းနှင့် ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို လုပ်ကိုင်ပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်မည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ဖြည့်စွက်သတ်မှတ်လိုက်သည်။ ထို့ပြင် အခြားပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို လိုင်စင်မဲ့လုပ်ကိုင်ပါကလည်း ထောင်ဒဏ် ၃ လမှ ၁ နှစ်အထိ ချမှတ်နိုင်ရန် ပြင်ဆင်ထားပြီး၊ ဥပဒေပါ အသုံးအနှုန်းအချို့ဖြစ်သော "အစိုးရအဖွဲ့" အစား "ပြည်ထောင်စုအစိုးရအဖွဲ့"၊ "ကျန်းမာရေးဦးစီးဌာန" အစား "ကုသရေးဦးစီးဌာန" စသည်ဖြင့် ပြောင်းလဲအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

41