ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၀၁:၂၅ နာရီအချိန်ခန့်က ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၁:၄၁ နာရီတွင် မီးအပြီးသတ်ငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
Feb 17 • 2:31 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


