ဒလတံတားပေါ်တွင် ကွမ်းတံတွေးထွေးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ

Feb 17 • 2:19 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒလတံတားပေါ်တွင် ကွမ်းတံတွေးထွေးခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးအား အသုံးပြုကြသည့် ခရီးသွားပြည်သူများအနေဖြင့် တံတားပေါ်တွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးအား အသုံးပြုကြသည့် ခရီးသွားပြည်သူများအနေဖြင့် တံတားပေါ်တွင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့် ယာဉ်ရပ်နားခြင်းများ မပြုလုပ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထူးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် ဒလတံတားပေါ်၌ YBS ယာဉ်လိုင်းအမှတ် ၂၉၊ ၃၆၊ ၇၂၊ ၁၀၈ နှင့် ၁၄၅ တို့မှ ယာဉ်အစီးရေ ၃၀ ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး၊ ဖြတ်သန်းခွင့်အချိန်ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်သတ်မှတ်ပေးထားသည်။ တံတားကြီး သန့်ရှင်းသပ်ရပ်ပြီး ရေရှည်တည်တံ့စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် YCDC တို့မှ ဝန်ထမ်းများက နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

15