ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်အတွင်းသို့ ရေဆင်းချိုးရာမှ ပျောက်ဆုံးခဲ့သည့် သက်တော်၁၅နှစ်အရွယ် ကိုရင်တပါး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ယနေ့ ဖေဖော်ဝါရီ ၁၆ရက် ည ၇နာရီကျော် မှတ်တမ်းထုတ်ပြန်ချက်အရ သိရသည်။ယနေ့ ဖေဖော်ဝါရီ ၁၆ရက် မွန်းတည့်ချိန်တွင် ဒေသခံ ငါးဖမ်းလှေက တမုတ်ဆိုးကျေးရွာအုပ်စု ရှမ်းရွာကြီးရွာရေဆိပ်အနီး ရေပေါ်တွင် ရုပ်အလောင်းတွေ့ရှိသောကြောင့် ဆယ်ယူပေးပါရန် အကူအညီတောင်းခံမှုကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) အဖွဲ့ဝင်များ သွားရောက် ကူညီပေးခဲ့ပြီး ရေနစ်ခဲ့သည့် ကိုရင်ရုပ်အလောင်းကို ယင်းကျေးရွာတွင်ပင် မီးသင်္ဂြုဟ်ပေးခဲ့ကြသည်။



