မန္တလေးတိုင်းဒေသကြီး၊ ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်အတွင်းသို့ ယနေ့ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းညနေ ၃နာရီ ၄၅မိနစ်အချိန်က ရေဆင်းချိုးသည့် အသက် ၁၅ နှစ်အရွယ် ကိုရင်တပါး ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ Rescue Diver Team Myanmar အဖွဲ့ဝင်များ ထွက်ခွာကာ မြစ်အတွင်း၌ ယနေ့ ညနေ ၅ နာရီ အချိန်အထိ ကူညီရှာဖွေမှုများပြုလုပ်ပေးခဲ့သော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ဆိုပါသည်။



