ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင် အထက်တန်းကျောင်းကို အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ဆိုင်းဘုတ်ကိုလည်း ဖြုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်သိရသည်။အောင်မြေသစ်ကျောင်းအုပ်သားဖြစ်သူသည် အဆောင်နေ ကျောင်းသူ တစ်ဦးကို မုဒိန်းပြုကျင့်ခြင်းကြောင့် နာမည်ဆိုး ထွက်နေသော ကိုယ်ပိုင်ကျောင်းကို ပိတ်သိမ်းအရေးယူခြင်း ဖြစ်ကြောင်းသိရသည်။ ကျောင်းအုပ်၏သားဖြစ်သူကိုမုဒိန်းမှုဖြင့် စွဲချက် တင်ခြင်း ရှိမရှိ ခမ်းသားငေါဝ်း မှဆက်လက်စုံစမ်းဆဲဖြစ်ပြီး၊ အခြား နိုင်ငံရေး ပြစ်မှုကို စွဲချက်တင်ထားကြောင်း သတင်းစုံစမ်းသိရှိရသည်။



