ဘီယာရောင်းအားကျဆင်းလာမှုကြောင့် Heineken က အလုပ်အကိုင် ၆,၀၀၀ ခန့် လျှော့ချရန် ကြိုးပမ်းနေ

Feb 12 • 8:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘီယာရောင်းအားကျဆင်းလာမှုကြောင့် Heineken က အလုပ်အကိုင် ၆,၀၀၀ ခန့် လျှော့ချရန် ကြိုးပမ်းနေ

ဘီယာကုမ္ပဏီကြီး Heineken သည် ဘီယာရောင်းအား ကျဆင်းလာခြင်းအပေါ် တုံ့ပြန်ရန် ကမ္ဘာတစ်ဝန်း အလုပ်သမားအင်အား ၈၇,၀၀၀ ခန့်အနက်မှ ၇ ရာခိုင်နှုန်း ခန့်နှင့်ညီမျှသော အလုပ်...

ဘီယာကုမ္ပဏီကြီး Heineken သည် ဘီယာရောင်းအား ကျဆင်းလာခြင်းအပေါ် တုံ့ပြန်ရန် ကမ္ဘာတစ်ဝန်း အလုပ်သမားအင်အား ၈၇,၀၀၀ ခန့်အနက်မှ ၇ ရာခိုင်နှုန်း ခန့်နှင့်ညီမျှသော အလုပ်အကိုင် ၆၀၀၀ ခန့်ကို လျှော့ချ သွားမည်ဖြစ်ကြောင်း Daily Business Group သတင်းက ဖော်ပြခဲ့သည်။Amstel၊ Birra Moretti၊ Tiger နှင့် Heineken အပါ အဝင်ဘီယာအမှတ်တံဆိပ်များကို ထုတ်လုပ်ရောင်း ချနေသည့် နယ်သာလန်အခြေစိုက် Heineken ကုမ္ပဏီသည် ယခုနှစ်တွင် အမြတ်အစွန်းတိုးတက်မှု အားနည်း လာနိုင်ကြောင်း သတိပေးထားသည်။မေလတွင် အလုပ်မှ ထွက်ခွာတော့မည့် အမှုဆောင်အရာရှိချုပ် ဒိုလ်ဗန်ဒန်ဘရင်ခ်က “ကျနော်တို့ရဲ့ ပထမဦးစားပေးအချက်က တိုးတက်မှုကို အရှိန်တိုးမြှင့်ရန်ဖြစ်ပြီး၊ ထိုတိုးတက်မှုကို ထောက်ပံ့ရန်အတွက် ထုတ် လုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုပုံစံ ပြောင်းလဲမှုများကို ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ ထိုအရာများကြောင့် လာမည့်နှစ်နှစ်အတွင်း ကုန်ကျစရိတ်ကို အကြီးအကျယ် လျှော့ချရပါမယ်” ။ကျန်းမာရေးကို ပိုမိုဂရုစိုက်လာသော စားသုံးသူများကြောင့် ဘီယာလိုအပ်ချက် လျော့နည်းလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ရောင်းအားထိခိုက်နေသောကြောင့် ဘုတ်အဖွဲ့သည် ယခုအခါ အ ကြီးအကဲအသစ်တစ်ဦးကို ရှာဖွေနေရသည်။

အီဒင်ဘာရာမြို့ St Andrew Square တွင် ဗြိတိန်နိုင်ငံအတွင်းလုပ်ငန်းများအခြေစိုက်သည့် Heineken က ၂၀၂၅ ခုနှစ်တွင် အရောင်းပမာဏ ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကြေညာပြီးနောက် နှစ်စဉ် ယူရိုငွေ ၅၀၀ သန်းအထိ ချွေတာနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ရောင်းအား အကြီးမားဆုံး ကျဆင်းမှုကိုမှာ ဥရောပဟုမှတ်တမ်းတင်ခဲ့ပြီး ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ၊ ထို့နောက် အမေရိကတွင် ၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ပြိုင်ဘက် Carlsberg ကလည်း အလုပ်အကိုင်များ လျှော့ချနေပြီး အခြားဘီယာနှင့် အရက်ထုတ်လုပ် သူ များမှာ ကုန်ကျစရိတ်ချွေတာရန် ကြိုးပမ်းနေကြကာ ပိုင်ဆိုင်မှုအချို့ကိုလည်း ရောင်းချနေကြသည်

ရောင်းအားကျဆင်းမှုကို တားဆီးရန် Tesco အမှုဆောင်အရာရှိချုပ်ဟောင်း ဆာဒေဗ့်လူး၀စ္စကို Johnnie Walker နှင့် Guinness အမှတ်တံဆိပ်ပိုင်ရှင် Diageo က ခန့်အပ်ထားပြီး ပိုင်ဆိုင်မှုများရောင်းချရန်ကိုလည်း ကြေညာပြီးသားဖြစ်သည်။


news-view-count-icon

19