အနောက်နိုင်ငံတွေက ဂရင်းလန်ကျွန်းမှာ စစ်အင်အားတိုးချရင် စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ရုရှား သတိပေး

Feb 12 • 8:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

အနောက်နိုင်ငံတွေက ဂရင်းလန်ကျွန်းမှာ စစ်အင်အားတိုးချရင် စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ရုရှား သတိပေး

အနောက်နိုင်ငံတွေအနေနဲ့ ဂရင်းလန်ကျွန်းမှာ စစ်အင်အားချထားမှု တိုးမြှင့်လာပါက ရုရှားအနေ နဲ့ စစ်ရေးအရ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြ...

အနောက်နိုင်ငံတွေအနေနဲ့ ဂရင်းလန်ကျွန်းမှာ စစ်အင်အားချထားမှု တိုးမြှင့်လာပါက ရုရှားအနေ နဲ့ စစ်ရေးအရ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ဗုဒ္ဓဟူး မှာ ပြောကြားလိုက်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကို သိမ်းပိုက်လိုကြောင်း ထပ်တလဲလဲ ပြော ဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ဥရောပနိုင်ငံအချို့ဟာ ဂရင်းလန်ကျွန်းသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။“ဂရင်းလန်ကျွန်းကို စစ်အခြေစိုက်စခန်းတွေ တည်ဆောက်လာတာနဲ့ ရုရှားကိုဦးတည်တဲ့ စစ်ရေး စွမ်းဆောင်ရည်တွေ ဖန်တီးလာမယ်ဆိုရင် ကျွန်တော်တို့က စစ်ရေးအစီအမံတွေအပါအဝင် ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ" လို့ ၎င်းက ရုရှားဥပဒေပြုအမတ်တွေကို ပြောပါတယ်။အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု ပိုမိုခိုင်မာစေဖို့ နေတိုးအဖွဲ့ အကြီးအကဲ မတ်ခ်ရုတေးနဲ့ သဘောတူ ညီချက်တစ်ခု ရရှိခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကို သိမ်းယူမယ့် ခြိမ်းခြောက်မှုတွေကို ပြီး ခဲ့တဲ့လမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။အမေရိကန်က ဂရင်းလန်ကျွန်းကို မသိမ်းယူပါက ရုရှား သို့မဟုတ် တရုတ်နိုင်ငံတို့က သိမ်းယူ သွားနိုင်တယ်လို့ ၎င်းက ယခင်က သတိပေးခဲ့ပါတယ်။ဒိန်းမတ်နိုင်ငံဟာ ဂရင်းလန်ဒေသခံများကို ဒုတိယတန်းစား နိုင်ငံသားများလို ဆက်ဆံနေတယ်လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။

ဝါရှင်တန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုတို့ဟာ ကျော်ဖြတ်၍မရတဲ့ အနီရောင်စည်းဖြစ်ကြောင်း ဂရင်းလန်အစိုးရက ပြောကြားထားပါတယ်။


news-view-count-icon

18