ရန်ကုန် - ဒလတံတားပေါ် လူတက်လမ်းလျှောက်တာကိုပိတ်လိုက်ပြီ

Feb 11 • 7:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန် - ဒလတံတားပေါ် လူတက်လမ်းလျှောက်တာကိုပိတ်လိုက်ပြီ

ရန်ကုန် - ဒလတံတားပေါ် လူတက်လမ်းလျှောက်တာကို ပိတ်လိုက်ပြီလို့ သိရပါတယ်။ ပိတ်လိုက်ရတဲ့ အဓိကအကြောင်းရင်းကိုတိတိကျကျ မသိရပေမယ့် မြင်သိရသလောက်ကတော့ တံတားပေါ်တက်ကြတဲ...

ရန်ကုန် - ဒလတံတားပေါ် လူတက်လမ်းလျှောက်တာကို ပိတ်လိုက်ပြီလို့ သိရပါတယ်။ ပိတ်လိုက်ရတဲ့ အဓိကအကြောင်းရင်းကိုတိတိကျကျ မသိရပေမယ့် မြင်သိရသလောက်ကတော့ တံတားပေါ်တက်ကြတဲ့ တချို့လူတွေနဲ့ ကားတွေရဲ့ စည်းကမ်းမဲ့မှုကြောင့်ပဲ ဖြစ်ပါတယ်။ကျနော်ကိုယ်တိုင်လည်း တံတားပေါ် လမ်းလျှောက်တက်လို့ရတဲ့ လှေကားအဝနဲ့ နီးနီးလေးမှာနေတဲ့သူပါ။ ဒါပေမယ့် အခုပြန်ပိတ်လိုက်တဲ့အချိန်ထိလည်း တံဝာားရှိတဲ့ဘက်ခြမ်းကိုတောင်ကားလမ်းဖြတ်မကူးမိသေးပါဘူး။ ကူးများကူးမိရင် အဲ့ဒီစည်းပျက်ကမ်းပျက်လူတွေထဲ ကိုယ်လည်းရောပါနေမိဦးမှာ ပြီးတော့ တံတားကြီးကို ဖွင့်သာဖွင့်လိုက်ပေမယ့် တချို့တည်ဆောက်ရေးလုပ်ငန်းအသေးစားလေးတွေက လတ်စသတ်တုန်းပဲရှိနေသေးတာပါ။ အဲ့ဒီတံတားတည်ဆောက်ရေးက ဝန်ထမ်းတဦးနဲ့ တွေ့လို့ မေးကြည့်တော့ တံတားတည်ဆောက်ရေးက လုပ်ငန်းသုံးပစ္စည်းတွေပါ အခိုးခံရသလို လူတွေ ကားတွေပေါ်က ထွေးချတဲ့ကွမ်းတံထွေးတွေ အမှိုက်တွေကလည်း ရှင်းလို့မနိုင်ဘူး ‌လို့ သူက ပြောပြတာပဲ။ သူပြန်ပြောတာကို ကြားရသလောက်ကတော့ တကယ်ကိုစိတ်ပျက်စရာကြီးပါ။ လို့ တံတားပေါ် လမ်းလျှောက်သွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်ဒလတံတားကြီးကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှာပဲ လူတက်လမ်းလျှောက်ခွင့်ကို ပိတ်လိုက်တာပါ။ တံတားဖွင့်ပြီး နှစ်ရက်အကြာမှာပဲ တံတားပေါ်မှာ လူတချို့ရဲ့ စည်းကမ်းကမ်းမဲ့ အပြုအမူတွေက လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပါတယ်။ဒလတံတားကို မနက်၆ နာရီမှ ၈ နာရီအထိ တံတားအသုံးပြုခွင့်ပေးထားပြီး ဖေဖော်ရီ ၁၂ ရက်နေ့မှစကာ တံတားအသုံးပြုခ ကောက်ခံမှာ ဖြစ်ပါတယ်။ တံတားပေါ်မှာ လိုက်နာရမယ့် စည်းကမ်းချက်တွေက ယာဉ်မရပ်ရ ၊ ယာဉ်ကျော်မတက်ရ ၊ လမ်းမလျှောက်ရ ၊ အမှိုက်မပစ်ရ ၊ ကွမ်းတံတွေးမထွေးရ ၊ အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်ခွင့်မပြု ၊ စက် ၊ ယာဉ်ကြံ့ခိုင်မှုမရှိတဲ့ မော်တော်ယာဉ်တွေကို တံတားပေါ်မှာ ဖြတ်သန်းမောင်းနှင် ခွင့်မပြု ၊ ဆိုင်ကယ်/သုံးဘီးဆိုင်ကယ်/စက်ဘီးတွေ တံတားပေါ်မှာ ဖြတ်သန်းသွားလာခွင့်မပြု ၊ လယ်ယာသုံး စက်ကိရိယာယာဉ်တွေ / cad ၊ ထွန်စက်/ထော်လာဂျီယာဉ်တွေကို တံတားပေါ်မှာ ဖြတ်သန်းမောင်းနှင်ခွင့်မပြုဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

news-view-count-icon

69