အိမ်ထောင်ရေးအတိုင်ပင်ခံလုပ်၍ အမှုသည်အတွင်းရေး ဖော်ပြနေသော အထက်တန်းရှေ့နေ ထုတ်ပယ်အရေးယူခံရဟုဆို

Feb 11 • 1:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိမ်ထောင်ရေးအတိုင်ပင်ခံလုပ်၍ အမှုသည်အတွင်းရေး ဖော်ပြနေသော အထက်တန်းရှေ့နေ ထုတ်ပယ်အရေးယူခံရဟုဆို

လူမှုကွန်ရက်ပေါ်တွင် ကြော်ငြာ၍ အိမ်ထောင်ရေးအတိုင်ပင်ခံလုပ်ဆောင်နေသည့်အပြင် မိမိထံလာရောက်တိုင်ပင်သော အမှုသည်များ၏အတွင်းရေးများကို Social Media တွင် ဖြန့်ဝေခြင်းအ...

လူမှုကွန်ရက်ပေါ်တွင် ကြော်ငြာ၍ အိမ်ထောင်ရေးအတိုင်ပင်ခံလုပ်ဆောင်နေသည့်အပြင် မိမိထံလာရောက်တိုင်ပင်သော အမှုသည်များ၏အတွင်းရေးများကို Social Media တွင် ဖြန့်ဝေခြင်းအပါအဝင် ရှေ့နေရှေ့ရပ်များစောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာများ ချိုးဖောက်ခြင်းကြောင့် အထက်တန်းရှေ့နေတစ်ဦးကို ထုတ်ပယ်အရေးယူလိုက်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ရှေ့နေရှေ့ရပ်များစောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာများ ချိုးဖောက်နေသဖြင့် အရေးယူပေးပါရန်တင်ပြစာကို စိစစ်ပြီးနောက် ၎င်းအပေါ် ဗိုလ်တထောင်ခရိုင်တရားရုံး၏ စုံစမ်းစစ်ဆေးမှု အမှတ် ၂/၂၀၂၅ ဖြင့် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ရှေ့နေများ အက်ဥပဒေပုဒ်မ ၁၃ ကို ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ရှေ့နေအဖြစ်မှထုတ်ပစ်(Dismiss)ရန်နှင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၏ (၁၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ အမိန့်အမှတ် (၃၁ /၂ဝ၂၆) တွင် ဖော်ပြထားကြောင်း သိရသည်။

news-view-count-icon

32