ပြင်ဦးလွင်တစ်ဝိုက်၌ မီနီအိုးဝေဖြင့် ဆိုင်ကယ်လုယက်သောအဖွဲ့ သောင်းကျန်းလာဟုဆို

Feb 10 • 2:56 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်တစ်ဝိုက်၌ မီနီအိုးဝေဖြင့် ဆိုင်ကယ်လုယက်သောအဖွဲ့ သောင်းကျန်းလာဟုဆို

မီနီအိုးဝေတစ်စီးဖြင့် လိုက်လံ၍ဆိုင်ကယ်များလုယက်နေသည့်အဖွဲ့တစ်ဖွဲ့မှာ ပြင်ဦးလွင်တစ်ဝိုက်၌ အတင့်ရဲသောင်းကျန်း နေကြောင်း ဒေသခံများမှ သိရသည်။အမျိုးသမီးတစ်ဦးနှင့် အမ...

မီနီအိုးဝေတစ်စီးဖြင့် လိုက်လံ၍ဆိုင်ကယ်များလုယက်နေသည့်အဖွဲ့တစ်ဖွဲ့မှာ ပြင်ဦးလွင်တစ်ဝိုက်၌ အတင့်ရဲသောင်းကျန်း နေကြောင်း ဒေသခံများမှ သိရသည်။အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးပါဝင်သည့် မီနီအိုးဝေတစ်စီးဖြင့် လူရှင်းသည့်နေရာများ၌ အတင့်ရဲစွာ လုယက်မှုကျူးလွန်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။အဆိုပါဖြစ်စဉ်များသည် ယမန်နှစ် နှစ်ကုန်ပိုင်းခန့်တွင်စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ဆိုင်ကယ်နှင့် ရွှေငွေရတနာပစ္စည်း လုယက်ခံရမှု (၁၀)ကြိမ်ထက်မနည်း ပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းများ၌ ဆိုထားကြသည်။ အဖြစ်များသည့်နေရာများနှင့်ပတ်သက်၍ ကန်တော်ကြီးကန်ဘောင်၊ တိုင်းရင်းသားကျေးရွာအနီး၀န်းကျင်၊ မြို့ရှောင်လမ်းနှင့် မြို့တွင်းဆက်သွယ်ရာလမ်းအချို့အပါအဝင် လူအသွားအလာပြတ်သည့် နေရာများဖြစ်ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ယခင်က မြို့ခံနှင့်နိုင်ငံ့၀န်ထမ်းများသာ နေထိုင်ခဲ့ကြသော်လည်း လက်ရှိတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူများလည်း ရှိလာခဲ့ကြသည်။

news-view-count-icon

14