ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်မှ မတ် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးများအဆင်ပြေစေရန် ရေလမ်းနှင့် ကုန်းလမ်းခရီးစဉ်များကို ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ပြေးဆွဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရေကြောင်းခရီးစဉ်အတွက် ပုသိမ်မြို့မှ သင်္ဘော ၈ စီးဖြင့် နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ပြီး ယာဉ်ခမှာ လူတစ်ဦးလျှင် ၁၂,၀၀၀ ကျပ်မှ အိပ်ခန်းအမျိုးအစားအလိုက် ၄၅,၀၀၀ ကျပ်အထိ သတ်မှတ်ထားကာ၊ ကုန်းလမ်းခရီးစဉ်အတွက် ပုသိမ်မြို့မှ ရင်ပြင်တော်အနီးသို့ မှန်လုံယာဉ်များဖြင့် တစ်ဦးလျှင် ၁၅,၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။ ယမန်နှစ်က ဘုရားဖူးဧည့်သည် ၅ သိန်းခွဲခန့်အထိ လာရောက်ခဲ့သဖြင့် ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မြတ်မော်တင်စွန်းဘုရားပွဲတော်အတွက် ရေလမ်းနှင့် ကုန်းလမ်းခရီးစဉ်များ ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ပြေးဆွဲပေးမည်
Feb 10 • 2:31 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 6 | 0 | 0 | 0 |


