ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှာ လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး လက်ရှိမှာ ဝယ်လိုအားမြင့်တက်မှုကြောင့် အနည်းငယ် ဈေးကောင်းရနေတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ပြီးခဲ့တဲ့နှစ်က တစ်ပေကျော်လောက်ရှိတဲ့ ထင်းချောင်း ၂၀၀ ကို ကျပ် ၁၃,၀၀၀ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိမှာ အမြင့်ဆုံး ကျပ် ၁၈,၀၀၀ အထိ အနည်းငယ်ဈေးကောင်းရရှိနေတယ်လို့ ကျောက်တော်မြို့နယ်က တောတောင်ကိုအမှီပြုပြီး ထင်းခုတ်ရောင်းချကြတဲ့ကျေးရွာတစ်ရွာက ထင်းရောင်းချသူ ရခိုင်မျိုးနွယ်စုဝင် မြိုအမျိုးသမီး ဒေါ်ခင်သန်းနုကပြောပါတယ်။သူတို့ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံအများစုဟာ ထင်းခုတ်ရောင်းချပြီး အသက်မွေးကြတယ်လို့လည်း နောက်ထပ်ဒေသခံတစ်ယောက်ဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် ဦးကျော်ငြိမ်းကလည်း ပြောပါတယ်။



