ဒလမြို့တွင် အိမ်ခြံမြေစျေးများ တဟုန်ထိုးမြင့်တက်နေ ဟုဆို

Feb 09 • 12:19 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒလမြို့တွင် အိမ်ခြံမြေစျေးများ တဟုန်ထိုးမြင့်တက်နေ ဟုဆို

ဖေဖော်ဝါရီ ၆ ရက်နေ့က၊ ကိုရီယား-မြန်မာချစ်ကြည်ရေး ဒလတံတားဖွင့်လှစ်သည့်နေ့မှစ၍ ဒလမြို့တွင် ပေ ၄၀၊ ၆၀ ရှိ မြေတစ်ကွက် သိန်း ၂၀,၀၀၀၊ သိန်း ၃၀,၀၀၀ အထိမြင့်တက်လာခဲ့ကြေ...

ဖေဖော်ဝါရီ ၆ ရက်နေ့က၊ ကိုရီယား-မြန်မာချစ်ကြည်ရေး ဒလတံတားဖွင့်လှစ်သည့်နေ့မှစ၍ ဒလမြို့တွင် ပေ ၄၀၊ ၆၀ ရှိ မြေတစ်ကွက် သိန်း ၂၀,၀၀၀၊ သိန်း ၃၀,၀၀၀ အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။ အဆိုပါအကွက်များသည် တံတားမဖွင့်မီက သိန်း ၈၀၀၀ နှင့် သိန်းတစ်သောင်းကြား ပေါက်ဈေးရှိကြောင်း သိရသည်။ ဒလမြို့တွင်းရှိ ဘိုဘွားပိုင်မြေနှင့် အိမ်စျေးများလည်း ရပ်ကွပ်ကွက်အလိုက်၊ လမ်းအနေအထားအလိုက် စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။အလားတူ တွံတေးမြို့ ပိတ်ဆွယ်ကျေးရွာတွင် တစ်ဧကပတ်လည်ရှိခြံဝန်းတစ်ခုလျှင် သိန်း ၂၈၀၀ မှ သိန်း ၃၅၀၀ အထိ တစ်ပါတ်အတွင်း စျေးမြင့်တက်လာခဲ့ကြောင်း သိရသည်။ကိုရီယား-မြန်မာ ဒလတံတားအဆင်း လမ်းမကြီးပေါ်တွင်လည်း ပေ ၄၀၊ ပေ ၁၂၀ ရှိ မြေတစ်ကွက်လျှင် သိန်း ၇၅,၀၀၀ ရှိပြီး၊ ပေ ၄၀ x ၆၀ တစ်ကွက်လျှင် သိန်း ၅၅,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။ရန်ကုန်-ဒလတံတားဖွင့်လှစ်ပြီးနောက် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များတွင် အိမ်ခြံမြေများ စျေးတက်လာကြောင်း သိရသည်။


news-view-count-icon

37