ယခုနောက်ပိုင်း ဖုန်းတစ်လုံးရှိရုံဖြင့် လောင်းကစား၍ရသော အွန်လိုင်းလောင်းကစားဂိမ်းများကို ဆော့ကစားသူ ပိုများလာပြီး စီးပွားပျက်၊ ဘဝပျက်သူများလာသလို အကြွေးမပေးနိုင်၍ ထွက်ပြေးတိမ်းရှောင်သူများပင် ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ရန်ကုန်မြို့နေသူများထံမှ သိရသည်။အထူးသဖြင့် လက်ရှိတွင်ကျယ်နေသည့် စလော့ဂိမ်း(Slot Games)များ၊ အွန်လိုင်းကာစီနိုဖြစ်သည့် ဖဲချပ်၊ နဂါး ကျား (Dragon Tiger)နှင့် ရှမ်းကိုးမီး၊ ငါးပစ်ဂိမ်းများ စသဖြင့် လူမှုကွန်ရက်စာမျက်နှာနေရာ တိုင်း၌ တွေ့ နိုင်ပြီး ကြော်ငြာအားကောင်းနေသည့် အွန်လိုင်းလောင်းကစား ဂိမ်းပေါင်း (၅၀၀) နှင့် ဘောလုံးပွဲလောင်း ကစား များ၊ နှစ်လုံး၊ သုံးလုံးနှင့် အွန်လိုင်းဂိမ်းဆော့ရင်း လောင်းကစားလုပ်ခြင်းများ ဖြစ်သည်။ အဆိုပါ အွန်လိုင်းဂိမ်းများမှာ ကွန်ပျူတာ Programming နှင့် ထိန်းချုပ်ထားပြီး အစပိုင်းတွင် အ နည်းငယ်အနိုင်ပေးကာ လူကိုစွဲလန်းအောင်လုပ်ပြီး နောက်ပိုင်းတွင်ပြန်ရှုံးအောင် စနစ်တကျဖန်တီးထားခြင်း ဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက အသိပေးပြောထားသည်။ 
ပြည်တွင်းတွင် အွန်လိုင်းလောင်းကစားကြောင့် အကြွေးပိ၊ စီးပွားပျက်သူများလာ
Feb 09 • 2:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


