(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများ အင်တိုက်အားတိုက် တက်ရောက်ခဲ့ကြသည်။ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဝတ်စုံပြခန်းများကို ဖွင့်လှစ်ပြသခဲ့ပြီး တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ထို့အပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံအုပ်ချုပ်ရေးကဏ္ဍများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် ပင်လုံဂုဏ်ရည်ထူးချွန်ဆု၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုနှင့် လုံခြုံရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ စုစုပေါင်း (၅၀) ကျော်အား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။
(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တောင်ကြီးမြို့တွင် ခမ်းနားထည်ဝါစွာ ကျင်းပ
Feb 08 • 5:11 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 10 | 0 | 0 | 0 |


