၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ကို " မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဇာတ်ကားဖြင့် နေမျိုးအောင် ကရရှိခဲ့သည်။
‘’မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ကို ရုပ်ရှင်ကို မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ-ပီကေရိုက်ကူးပြီး ဇာတ်ညွှန်း - ဖြိုးသဉ္ဇာကျော်၊ ဇာတ်လမ်း - ဆောင်းလုလင်တို့ဖြစ်သည်။ယင်းဇာတ်ကားတွင် နေတိုး၊နေမျိုးအောင်၊ ညီနန္ဒ၊ဗီတာမင်၊ သံသာညီ၊ ဗွားဗွား၊ ကလေးသရုပ်ဆောင်-စည်သူထက်၊ရွှေပန်းချီမျိုးမာန်၊ ချောမေချစ်၊ ဘုန်းရှိန်ခန့်နှင့် အထူးဧည့်သည်သရုပ်ဆောင် အေးဝတ်ရည်သောင်းတို့က ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်သည်။



