ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရဖြစ်နေ

Feb 07 • 1:38 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရဖြစ်နေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူလို့မရ ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတ...

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူလို့မရ ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ဘဏ်အပ်ငွေတွေနဲ့ တခြားက လွှဲပြောင်းငွေကို ဘဏ်တွေမှာ သွားရောက် ထုတ်ယူတဲ့အခါ တလုံးတခဲတည်း ထုတ်ယူလို့မရတော့ဘဲ ကျပ်သိန်း ဆယ်ဂဏန်းဝန်းကျင်လောက်သာ ထုတ်ခွင့်ရနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ဘဏ်တွေအနေနဲ့ ငွေသား Cash ကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ဖို့အတွက် တဖက်မှာလည်း ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ Account Transfer ၊ ဒစ်ဂျစ်တယ် ငွေကြေးတွေကို အသုံးပြုစေချင်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။ဒါနဲ့ပတ်သက်လို့ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်ကတော့ ငွေသားထုတ်တာကို ထိန်းချုပ်ချင်ရင် ဘဏ်နဲ့ပေးချေစနစ် (Banking, Kpay, AYA Pay, CB Pay) အစရှိတဲ့ Pay တွေနဲ့ ပေးချေတာကို ဆိုင်ကြီးတွေ၊ ဒိုင်ကြီးတွေ၊ ကုန်စျေးဆိုင် ကြီး/ငယ်တွေ အားလုံးကို မဖြစ်မနေ လက်ခံအောင် လုပ်ပေးရမှာဖြစ်ပြီး လက်မခံတဲ့ဆိုင်ကို ထိရောက်စွာ အရေးယူ အပြစ်ပေးရမယ်လို့ ဆိုပါတယ်။





news-view-count-icon

45