မန္တလေးအခြေစိုက် သဘင်မင်းသားများဖြင့် ဖွဲ့စည်းထားသည့် Prince City Football Club နှင့် အောင်ဇမ္ဗူဇာတ်သဘင်အသင်း တို့သည် လာမည့် ဖေဖော်ဝါရီလ ၆ ရက်၊ ညနေ ၃ နာရီတွင် မန္တလေးမြို့၊ ဗထူးအားကစားကွင်း၌ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် Prince City အသင်းနှင့် အောင်ဇမ္ဗူအသင်းတို့၏ ယခုပွဲစဉ်ကို မိဘပြည်သူများအနေဖြင့် အခမဲ့ (Free) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အောင်ဇမ္ဗူဇာတ်အသင်းနှင့် Prince City ဘောလုံးအသင်းတို့ မန္တလေးဗထူးကွင်း၌ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်မည်
Feb 06 • 2:28 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 10 | 0 | 0 | 0 |


