ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အနီးက အလုံပိတ်ဆိုင်ခန်းတွေကို တိုင်းအစိုးရအမိန့်နဲ့ ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲဒီ အလုံပိတ်ဆိုင်ခန်းတွေကို ဟင်္သာတတက္ကသိုလ်အနီး မြို့ရှောင်လမ်းမှာ ဖွင့်ထားတာ အချိန် ၂ လကျော်ကျော်အထိ ရှိနေပြီဖြစ်ပြီး ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေက မသင့်လျော်ကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် တိုင်းအစိုးရအမိန့်နဲ့ ဖယ်ရှားရှင်းလင်းနေတာလို့ သိရပါတယ်။ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အခုလို တက္ကသိုလ်အနီး အလုံပိတ်ဆိုင်ခန်းတွေ ဖွင့်ထားတာကို လုံးဝမသိရှိကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် ကာယကံရှင်တွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အစိုးရအဖွဲ့ကို လိမ်လည်တင်ပြထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ဟင်္သာတတက္ကသိုလ်အနီး ဖွင့်လှစ်ထားသည့် အလုံပိတ်ဆိုင်များကို ဖျက်သိမ်း
Feb 06 • 1:22 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 13 | 0 | 0 | 0 |


