ဧရာဝတီတိုင်းတွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော ဆီထွက်သီးနှံမြေပဲများစတင်နုတ်သိမ်း နေသည့်အချိန်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကမြေပဲတစ်ဧကလျှင် တင်း ၆၀ ကျော်အထိပျှမ်းပျှထွက်ရှိခဲ့သော်လည်ယခုနှစ် တွင်မြေပဲတစ်ဧကပျှမ်းမျှ ၄၅ တင်းအထိသာအများဆုံး ထွက်ရှိနေကြောင်း တောင်သူများထံမှ သိရသည်။ အဆိုပါ ဆီထွက်သီးနှံမြေပဲများအထွက်နှုန်းကျဆင်းခြင်း သည် ရာသီဥတုဖောက်ပြန်မှုများဖျက်ပိုးကိုက်ဖျက်ခြင်း၊နိုင်ငံရေးအကျပ်အတည်းများကြောင့် စိုက်ပျိုးရေးသွင်းအား စုများဈေးထိုးတက်နေခြင်း၊သီးနှံများအထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တယ်မကျရောက်စေဖို့သုံးနေကျပိုးသတ်ဆေးများ၊ မြေသြဇာများအပြည့်အဝမသုံးစွဲနိုင်ခြင်းစသည့်အခက်အခဲ များကြောင့် ဖြစ်ကြောင်းသိရသည်။



