ရွှေဘို ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေ

Feb 04 • 1:50 PM

breaking-news

မြန်မာ

ကချင်

cover

ရွှေဘို ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေ

မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ အဓိက လမ်းပိုင်းတချို့ ပိတ်ထားဆဲ ဖြစ်တာကြောင့် ရွှေဘိုမြို့ အရှေ့ဘက်က ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မ...

မြစ်ကြီးနား - မန္တလေးလမ်းပိုင်းရှိ အဓိက လမ်းပိုင်းတချို့ ပိတ်ထားဆဲ ဖြစ်တာကြောင့် ရွှေဘိုမြို့ အရှေ့ဘက်က ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။အဆင်းကားတွေအတွက် လက်ရှိ အသုံးပြုနိုင်တဲ့ ခရိုင်ချင်းဆက် လမ်းတွေကတော့ ရွှေဘို (တောင်ဘက်မုခ်) - ရွှေပန်းကုံး - အရာတော် - ဒီပဲယင်း - ဆောင်ကျန်း - မြေမွန် - အုန်းတော - စစ်ကိုင်း/မန္တလေးလမ်းဖြစ်ပြီး ဒီလမ်းကတော့ လတ်တလောမှာ သွားလာရ အကောင်းဆုံး ဖြစ်‌တယ်လို့ ဆိုပါတယ်။ဒါအပြင် ရွှေဘို - ဆိပ်ခွန် - နောင်ကြီးအိုင် - အရာတော် - ဒီပဲယင်း - ဆောင်ကျန်း - မြေမွန် လမ်းပိုင်းကလည်း သွားလာနိုင်တယ်လို့ သိရပြီး ကားသေးတွေနဲ့ သွားလာပါက သုံးရက်ခန့် ကြာမြင့်နိုင်ကာ ကားကြီးတွေဆိုရင်တော့ တပတ်ကနေ ၁၀ ရက်ခန့်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ကချင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ ဆေးဝါး၊ အစားအသောက်နဲ့ ကုန်ပစ္စည်း အများစုကို မန္တလေးမြို့ကနေ အဓိကထား တင်သွင်းနေ ရတာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို အခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးမှာ အများအပြား ပိတ်မိနေတာကြောင့် ကုန်ကားအဝင် မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။





news-view-count-icon

40