ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ အမှတ် (၂) လမ်းမကြီးပေါ်တွင် (ဖေဖော်ဝါရီ ၃ ရက်) နံနက် ၇ နာရီဝန်းကျင်က စက်ရုံဖယ်ရီယာဉ်နှင့် လိုင်းကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဖယ်ရီယာဉ်မောင်းအပါအဝင် စုစုပေါင်း ၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဒဏ်ရာရရှိသူများအနက် ၁၀ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး လက်ရှိတွင် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရပါသည်။
လှည်းကူးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတိုက်မိပြီး လူ (၄) ဦး အသက်ဆုံးကာ (၂၆) ဦးထိခိုက် ဒဏ်ရာရရှိ
Feb 04 • 2:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


