ရခိုင်ပြည်နယ်အတွင်းက မြို့၊ ရွာတွေအတွင်း တရားမဝင် စိုက်ပျိုးထားတဲ့ အာဆီယံ(ခေါ်)ဘိန်းစာရွက်အပင်တွေကို လိုက်လံရှာဖွေခုတ်ထွင်ရှင်းလင်းမှုကိုအရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။မြောက်ဦးမြို့နယ် ဒေသခံအမျိုးသမီး မခိုင်စံပယ်ဖြိုးက "တချို့က အဲဒီအပင်တွေကို စီးပွားအဖြစ်စိုက်ပျိုးကြတယ်။ အဲလိုစိုက်ပျိုးတာတော့ မကောင်းဘူး။ ဆေးဖက်ဆိုင်ရာအရ အဲအပင်တွေက သက်ကြီးပိုင်းတွေအတွက် အသုံးပြုတာတော့ ကောင်းပါတယ်။ ဒါပေမယ့် တချို့က ဆေးဝါးအဖြစ် ကုထုံးလုပ်ပြီးတော့ မူးယစ်စေတဲ့ ဘိန်းအဖြစ်အသုံးပြုတာတော့ အများကြီးမြင်မိတယ်။ အဆိုးဆုံးက ကလေးတွေကအစ သုံးစွဲလာကြတယ်။ ဉာဏ်ရည်တွေ ထိခိုက်ပြီးတော့ အနာဂတ်ကြယ်ပွင့်လေးတွေအတွက် လမ်းပျောက်သွားမှာကိုတော့ ကြောက်မိပါတယ်"လို့ ပြောပါတယ်။
ရခိုင်မှာ အာဆီယံ(ခေါ်)ဘိန်းစာရွက်အပင်တွေကို ခုတ်ထွင်ရှင်းလင်းမှု အရှိန်မြှင့်နေ
Feb 04 • 1:29 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 7 | 0 | 0 | 0 |


