မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ "ပြည်ထောင်စုနေ့" အထိမ်းအမှတ် လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်အထိ စိမ်းလန်းစိုပြေ၌ (၄) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ တောင်ပေါ်ဒေသထွက် လက်ဖက်စိုနှင့် မြေပြန့်ဒေသထွက် အကြော်စုံတို့ တွဲဖက်စားသုံးမှုကို "ပေါင်းစည်းခြင်း" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကာ ကျင်းပသည့် အဆိုပါပွဲတော်တွင် တိုင်းရင်းသားလက်မှုပညာနှင့် အစားအစာပြပွဲများအပြင် နိုင်ငံတကာအဆင့်မီ လက်ဖက်တွဲဖက်စားသုံးမှု ၁၂ မျိုးကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ဤပွဲတော်ကျင်းပရခြင်းမှာ မြန်မာ့လက်ဖက်စိုစားသုံးမှု ယဉ်ကျေးမှုကို ကမ္ဘာကသိရှိစေရန်နှင့် မြန်မာ့သနပ်ခါးကဲ့သို့ပင် UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရစေရန် ရည်ရွယ်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ပေါင်းစည်းခြင်းသင်္ကေတ "ပြည်ထောင်စုနေ့" အထိမ်းအမှတ် မြန်မာ့လက်ဖက်ပွဲတော်ကို ၄ ရက်ကြာ ကျင်းပမည်
Feb 03 • 3:11 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


