မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှုပေါင်း ၁၅၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၉၉၀ ဒသမ ၇၆၀ သန်း ရှိခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ အဆိုပါ ပမာဏသည် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော မီးလောင်မှု ၁၈၄ ကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃,၈၇၀ သန်းကျော်တို့နှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့နည်းကျဆင်းလာခြင်း ဖြစ်သည်။ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လျော့ကျလာခြင်းဖြစ်ပြီး၊ ယခုနှစ် ပွင့်လင်းရာသီတွင်လည်း မီးဘေးအန္တရာယ်ကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန် မီးသတ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များကို အမြဲအသင့် ပြင်ဆင်ထားကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့
Feb 02 • 3:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 6 | 0 | 0 | 0 |


