ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁၉) ရပ်ကွက်၊ မြင်းဖြူအင်းလမ်းရှိ လူနေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁ ရက် နံနက် ၃ နာရီခန့်က မီးပလပ်ခုံရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်ဖြစ်သူ အသက် (၆၅) နှစ်အရွယ် ဒေါ်တင်တင်အေး မီးလောင်သေဆုံးသွားခဲ့သည်။ အဆိုပါ (၂၀) မိနစ်ခန့်ကြာ မီးလောင်မှုအတွင်း နေအိမ်ရှိ သမီးဖြစ်သူနှင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦးတို့လည်း မီးဟပ်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် အခြားအိမ်များသို့ မီးကူးစက်ခြင်းမရှိသော်လည်း မီးစတင်လောင်ကျွမ်းသည့် နှစ်ထပ်အိမ်မှာ ဆုံးရှုံးသွားခဲ့ပြီး၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့ အမှတ် (၁) ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
တောင်ငူမြို့တွင် မီးပလပ်ခုံရှော့ဖြစ်ရာမှ နေအိမ်တစ်လုံးမီးလောင်၊ အိမ်ရှင်အမျိုးသမီး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ
Feb 02 • 3:08 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 8 | 0 | 0 | 0 |


