ရွှေတောင်မြို့နယ်၌ ကျွန်းသစ်နှင့်အခြားသစ်များ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား ရှစ်ဦးနှင့် ပိုင်ရှင်ဖြစ်သူတို့အား အရေးယူ

Feb 01 • 12:20 PM

breaking-news

မြန်မာ

ပဲခူး

cover

ရွှေတောင်မြို့နယ်၌ ကျွန်းသစ်နှင့်အခြားသစ်များ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား ရှစ်ဦးနှင့် ပိုင်ရှင်ဖြစ်သူတို့အား အရေးယူ

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ရွှေတောင်)မှ တပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ကြောင...

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ရွှေတောင်)မှ တပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ကြောင်းအတွင်း တပ်ဖွဲ့ပိုင် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း ပန်းတောင်းဘက်မှ ရွှေတောင်ဘက်သို့ ရေစုန်ဖြတ်သန်းမောင်းနှင်လာသည့် စက်လှေတစ်စီးအား စစ်ဆေးရန် မီးအချက်ပြ တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံတားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာ အဆိုပါစက်လှေပေါ်၌ ပန်းတောင်းမြို့နယ်၊ မြောက်ဘက်ကျေးရွာနေ ဇော်မိုး(၅၆)နှစ် ပဲ့နင်း မောင်းနှင်ပြီး ရွှေတောင်မြို့၊ သရက်တောရပ်ကွက်နေသူများဖြစ်သည့် ကြည်ထွေး(၆၃)နှစ်၊ လင်းလင်း (၄၉)နှစ်၊ ခင်မောင်ထူး (၃၉)နှစ်၊ အောင်ငွေ(၃၇)နှစ်၊ အောင်မြင့်မြတ်(၂၉)နှစ်၊ အောင်ဖေ (၃၄)နှစ်နှင့် ပန်းတောင်းမြို့နယ်၊ မြောက်ဘက်ကျေးရွာနေ ထွန်းထွန်း(၅၀)နှစ်တို့လိုက်ပါလာသည့် စက်လှေဖြင့် ကျွန်းသစ်လုံး ၁၇ လုံး၊ အခြားသစ်လုံး ၂၅ လုံး၊ စုစုပေါင်း ၃.၁၉ တန် (ခန့်မှန်းတန်ဖိုး ၂၇၇,၅၀၀ ကျပ်ခန့်)အား ဖောင်ဖွဲ့၍ ဆွဲလာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဇော်မိုး ပါရှစ်ဦ်နှင့် အဆိုပါသစ်များ၏ ပိုင်ရှင်ဖြစ်သူ အောင်ကြည်တင့် (၄၉)နှစ်အား ပန်းတောင်းမြို့မရဲစခန်း (ပ)၈/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၃(က)/၄၂(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 




news-view-count-icon

7