တောင်ကြီးမြို့မဈေးအတွင်း ဓားဖြင့် အိတ်ခွဲပြီး ခါးပိုက်နိုက်ရန်ဖြစ်ပွား

Feb 01 • 12:16 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့မဈေးအတွင်း ဓားဖြင့် အိတ်ခွဲပြီး ခါးပိုက်နိုက်ရန်ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မဈေးအတွင်း မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ က ဈေးဝယ်လာသည့် အမျိုးသမီးတစ်ဦး၏ လွယ်အိတ်ကို အမည်မသိသူတစ်ဦးက အနောက်မှ နီးကပ်စွာ လိုက်လ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မဈေးအတွင်း မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ က ဈေးဝယ်လာသည့် အမျိုးသမီးတစ်ဦး၏ လွယ်အိတ်ကို အမည်မသိသူတစ်ဦးက အနောက်မှ နီးကပ်စွာ လိုက်လာကာ ဓားဖြင့် ခွဲမှု ပြုလုပ်ခဲ့သည်။တောင်ကြီးမြို့မဈေးအတွင်း လူများသည့်နေရာတွင်ခါးပိုက်နှိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် လွယ်အိတ်ကို ရှေ့ဘက်တွင်သာ ဆောင်သင့်ကြောင်း သတိထားရန် လိုအပ်နေကြောင်း ဈေးဝယ်လာသူတစ်ဦးက သတိပေးပြောကြားသည်။တောင်ကြီးမြို့မဈေးသည် ဈေးနေ့နှင့် ပွဲတော်ရာသီကာလအတွင်း လူစည်ကားရာ နေရာ ဖြစ်ပြီး ယခင်ကလည်း ခါးပိုက်နှိုက်မှုများနှင့် လွယ်အိတ်ခွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် ဆိုင်ကယ်ခိုးမှုများဆက်တိုက်ဖြစ်ပွားလာသဖြင့် အများပြည်သူက သတိထားရန် လိုအပ်သည်။



news-view-count-icon

20