ဧရာဝတီနှင့် ရခိုင်တို့တွင် ပျမ်းမျှအပူချိန်ထက်အပူတိုးမည်

Feb 01 • 8:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧရာဝတီနှင့် ရခိုင်တို့တွင် ပျမ်းမျှအပူချိန်ထက်အပူတိုးမည်

ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း ပျမ်းမျှအပူချိန်ထက် ထပ်ပိုနိုင်ကြောင်း မိုး‌လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။ယနေ့(ဖေဖေ...

ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း ပျမ်းမျှအပူချိန်ထက် ထပ်ပိုနိုင်ကြောင်း မိုး‌လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။ယနေ့(ဖေဖော်ဝါရီ ၁ ရက် မှ ၁၀ ရက်)အတွင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် ခြောက်ရက်မှ ၁၀ ရက်ခန့်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ရက်မှငါးရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ထား သည်။မြူထူများဆိုင်းသည့်အခါ လေထုညစ်ညမ်းမှုလည်းဖြစ်နိုင်ပြီး အဆိုပါလေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ပြီး ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ်ထိခိုက်ခြင်း၊ မောပန်းလွယ်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ဆဲလ်များပျက်စီးခြင်း စသည့် ကျန်းမာရေးပြဿနာများလည်း ကြုံတွေ့နိုင်ကြောင်း သက်ဆိုင်ရာဆရာဝန်များက အသိပေးပြောဆို ထားသည်အဆိုပါ ရက်များအတွင်း လာနီညာသည်လည်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး လာနီညာကြောင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ် လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး‌လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။


news-view-count-icon

21