ကျန်းမာရေးညီညွတ်စွာစားသုံးသော်လည်း ည(၁၁)နာရီကျော်မှအိပ်စက်လျှင် ဝိတ်ကျရန်ခက်ခဲ နိုင်

Jan 31 • 3:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကျန်းမာရေးညီညွတ်စွာစားသုံးသော်လည်း ည(၁၁)နာရီကျော်မှအိပ်စက်လျှင် ဝိတ်ကျရန်ခက်ခဲ နိုင်

လူတွေက ဝိတ်ချဖို့အကြောင်း ပြောကြတဲ့အခါ အစားအသောက်၊ လေ့ကျင့်ခန်းတို့ကို ပြောနေကြပေမယ့် အိပ်စက်မှုရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေရတ...

လူတွေက ဝိတ်ချဖို့အကြောင်း ပြောကြတဲ့အခါ အစားအသောက်၊ လေ့ကျင့်ခန်းတို့ကို ပြောနေကြပေမယ့် အိပ်စက်မှုရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။ ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေရတဲ့ အကြောင်းအရင်းကြီးတစ်ခုက အိပ်စက်မှုပုံစံ ဆိုးရွားနေတာဖြစ်တယ်လို့ ဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။ "ည ၁၀ နာရီခွဲခန့်မှာ အစာခြေစနစ် စတင်နှေးလာပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်သေးရင် ခန္ဓာကိုယ်ထဲ ဖိစီးလာပြီး ကော်တီဆောပမာဏ မြင့်တက်လာကာ ကျန်းမာရေးညီညွတ်စွာ စားသုံးရင်တောင်မှ အဆီတွေ စုဆောင်းလာပါတယ်" လို့ ပြောပါတယ်။

ည ၁၁ နာရီနဲ့ အာရုံ ၃ နာရီကြားမှာ ခန္ဓာကိုယ်ထဲ ပြုပြင်တဲ့ဖြစ်စဉ် ဖြစ်ပျက်ကာ အိပ်ချိန်နောက်ကျပါက ဇီဝဖြစ်စဉ်တွေ ထိခိုက်ပြီး သကြားဓာတ်ထိန်းခြင်း၊ ဆာလောင်မှုဟော်မုန်းများ မထိန်းသိမ်းနိုင်ကာ နောက်နေ့မှာ စားချင်စိတ်များလာကြောင်း ဒေါက်တာဆာရက်ဖ် ပြောပါတယ်။


news-view-count-icon

16