မန္တလေးမြို့အစွန်ရှိ မြေတွေ စျေးမြင့်တက်ချိန် အကွက်ရိုက်မြေတွေ ဝယ်မိရင် နစ်နာဆုံးရှုံးမယ်လို့ ထုတ်ပြန်၊

Jan 30 • 2:15 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့အစွန်ရှိ မြေတွေ စျေးမြင့်တက်ချိန် အကွက်ရိုက်မြေတွေ ဝယ်မိရင် နစ်နာဆုံးရှုံးမယ်လို့ ထုတ်ပြန်၊

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ ညွှန်ကြားစာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူ...

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်မှာ ရွာမြေတိုးချဲ့ဖို့ စီစဉ်နေတယ်ဆိုတဲ့ ညွှန်ကြားစာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူမူကွန်ယက်မှာ ပြန့်နှံ့လာပြီးနောက် အဲ့ဒီ ကျေးရွာတွေအနီးရှိ အကွက်ရိုက်ရောင်းချတဲ့ လယ်ယာမြေတွေ ရက်ပိုင်းအတွင်း ကျပ်သိန်းရာချီ စျေးခုန်တက်ကာ အရောင်းအဝယ်လည်း ပိုသွက်လာတယ်လို့ မန္တလေးမြို့ခံ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက ပြောပါတယ်။အဲ့ဒီလို တရားမဝင် အကွက်ရိုက်ရောင်းချတဲ့ မြေတွေကို ဝယ်ယူမိပါက ဆုံးရှုံးမူတွေ ကြုံနိုင်သလို အရေးယူခံရတာတွေလည်း ရှိနိုင်တယ်လို့ ပုသိမ်ကြီးမြို့နယ် ထွေအုပ်ရုံးက သတိပေး တဲ့စာကို ဇန်နဝါရီ ၃၀ရက်ထုတ်သတင်းစာတွေမှာ ဖော်ပြတာ ဖြစ်ပါတယ်။အဲ့ဒီ မန္တလေးမြို့အစွန်၊ ပုသိမ်ကြီးမြို့နယ်ထဲရှိ ကျေးရွာတချို့ကို ရွာမြေတိုးချဲ့ဖို့ စီစဉ်မယ်ဆိုတဲ့ ထွေအုပ်ရဲ့ စာတစ်စောင် ပြန့်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်စုရဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးမှာလည်း လယ်ယာမြေတွေ အခြားနည်းသုံးစွဲခွင့် ချထားပေးဖို့ ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပါ်လာခဲ့ရာက ပုသိမ်ကြီးထဲမှာ ကွက်စိပ်မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတာလို့ မန္တလေးမြို့ခံ ဝါရင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်ဦး က ပြောပါတယ်။အဲ့ဒီ ရုံးစာ ပြန့်လာပြီးနောက် အထက်ပါအတိုင်း မန္တလေးနဲ့ ပုသိမ်ကြီးမြို့ကြား၊ နန်းဦးလွင်၊ ဘူးကုန်းနဲ့ ကန်ကောက်ရွာတွေဘက်ရှိ လယ်ယာမြေအကွက်ရိုက်ရောင်းတဲ့ မြေတွေ ဈေးခုန်တက်လာတာဖြစ်ပြီး အရောင်းအဝယ် ပိုဖြစ်နေတာလို့ ဆိုပါတယ်။



news-view-count-icon

32