တောင်ကြီး မြို့မစျေးနှင့်အိုးရှင်းတွင် ဆိုင်ကယ်ရပ်နားခပေးဆောင်ရသော်လည်း တာဝန်ယူမှု မရှိဟုဆို

Jan 30 • 12:12 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး မြို့မစျေးနှင့်အိုးရှင်းတွင် ဆိုင်ကယ်ရပ်နားခပေးဆောင်ရသော်လည်း တာဝန်ယူမှု မရှိဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အိုးရှင်းစင်တာ အောက်တွင်လည်း ၂၀၂၆ ခုနှစ် အစောပိုင်းမှ စ၍ ဆိုင်ကယ် ရပ်နားခ တစ်ထောင်ကျပ်တိုးမြှင့် ကောက်ခံပြီး ၊ ပျောက်ဆုံး...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့အိုးရှင်းစင်တာ အောက်တွင်လည်း ၂၀၂၆ ခုနှစ် အစောပိုင်းမှ စ၍ ဆိုင်ကယ် ရပ်နားခ တစ်ထောင်ကျပ်တိုးမြှင့် ကောက်ခံပြီး ၊ ပျောက်ဆုံး ပျက်စီးလျှင် တာဝန်ယူ တာဝန်ခံမှု မရှိကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။​မြို့မစျေးတွင် ဆိုင်ကယ်ရပ်နားခ တစ်ကြိမ် ရပ်တိုင်း တစ်ကြိမ် ကောက်ခံလျက် ရှိပြီး တာဝန်ယူမှု အပိုင်းအားနည်းနေကြောင်း ပြည်သူ များက ဆိုသည်။ ဆိုင်ကယ်ရပ်နားခ ငွေကြေး ပေးဆောင် ထားသော်လည်း တာဝန်ယူမှု မရှိသဖြင့် ဇက်သော့ ၊ သံကြိုးများကို ခတ်ထားကြရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။


news-view-count-icon

10