“တောင်တွင်းကြီးမှ ဇာတ်ကားတိမ်းမှောက်မှု နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်”

Jan 29 • 2:48 PM

breaking-news

မြန်မာ

မကွေး

breaking-news
cover

“တောင်တွင်းကြီးမှ ဇာတ်ကားတိမ်းမှောက်မှု နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်”

ယမန်နေ့ညက တောင်ညိုလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးမြို့မှ “ဇော်လေးနိုင်” ဇာတ်သဘင်အဖွဲ့ ထံသို့ ယနေ့နံနက်တွင် ဗဟိုသဘင်အမှုဆောင်များ သွားရ...

ယမန်နေ့ညက တောင်ညိုလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးမြို့မှ “ဇော်လေးနိုင်” ဇာတ်သဘင်အဖွဲ့ ထံသို့ ယနေ့နံနက်တွင် ဗဟိုသဘင်အမှုဆောင်များ သွားရောက်ကာ လိုအပ်သည့် ကူညီမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ သေဆုံးမှု နှင့် ဒဏ်ရာရရှိမှု သတင်းအတိအကျအား 

နောက်ဆက်တွဲအဖြစ် ဖော်ပြအပ်ပါသည်။ဒဏ်ရာရရှိသူများအား နေပြည်တော်ရှိ ခုတင် (၁၀၀၀) ဆေးရုံတွင် 

ဆေးကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊မြန်မာနိုင်ငံသဘင်အစည်းအရုံး အနေဖြင့် ကွယ်လွန်သူများ၏ မိသားစုများအတွက် မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီ ကူညီထောက်ပံ့၍ ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် (၁) ဦးလျှင် (၅) သိန်းကျပ်စီ ကူညီကာ ဆက်လက်၍လည်း ကုသမှုများအတွက် လိုအပ်သည့် ကူညီမှုများ၊ လှုဒါန်းမှုများ

ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။



news-view-count-icon

18