လက်သီးဖြင့်ထိုးခဲ့သူ Grade ၈ ကျောင်းသား မောင်နိုင်ဝင်းခန့် ကို ရွှေပြည်သာရဲစခန်းတွင် ဖမ်းဆီးထား

Jan 28 • 4:05 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လက်သီးဖြင့်ထိုးခဲ့သူ Grade ၈ ကျောင်းသား မောင်နိုင်ဝင်းခန့် ကို ရွှေပြည်သာရဲစခန်းတွင် ဖမ်းဆီးထား

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတ...

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများပြီး ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသားတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။လက်သီးဖြင့်ထိုးခဲ့သူ Grade ၈ ကျောင်းသား မောင်နိုင်ဝင်းခန့် (၁၆) နှစ် ကိုလည်းတစ်ပါတည်း ခေါ် ဆောင်လာပြီး မေးမြန်းစဉ် မောင်နိုင်ဝင်းခန့်မှ သေဆုံးသူ မောင်မိုးသူရိန် ဦးခေါင်းကို လက်သီးဖြင့် (၁) ချက်ထိုးလိုက်ရာ ကွန်ကရစ် လမ်းမပေါ်သို လဲကျသွားခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး ရဲတပ်ဖွဲက ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာ မောင်နိုင်ဝင်းခန့် ကို စခန်းတွင် ဖမ်းဆီးထားခဲ့ပါတယ်။ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မှုခင်းဆရာဝန်ကြီးမှ ကနဦး စစ်ဆေးခဲ့ရာ သေဆုံးသူ မောင်မိုးသူရိန် ဦးခေါင်းအား တစ်စုံတစ်ခုနှင့်ထိခိုက်ပြီး ဝဲဘက်ဂျိုစောင်း ဦးရေပြားအောက် ဒဏ်ရာမှ ဦးနှောက်သွေးကြောပေါက်ပြီး ဦးနှောက် အမှေးအောက် သွေးသွန်ခြင်းကြောင့် ဦးနှောက် ပိညှပ်သေဆုံး ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။



news-view-count-icon

16