ရန်ကုန်၊ ရွှေပြည်သာမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခွဲက ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ရာက Grade 8 နဲ့ Grade 7 ကျောင်းသားတွေ ခိုက်ရန်ဖြစ်ပြီး ထိုးကြိတ်ရာက Grade 7 ကျောင်းသားတယောက် ေ-သဆုံးသွားတာလို့ အမှတ် ၆ ရပ်ကွက်နေသူ တယောက်ကပြောပါတယ်။ေ-သဆုံးသူမှာ Grade 7 မှာ တက်ရောက်နေသူ မောင်သူရိန်မိုး ဖြစ်ပြီး ကျောင်းဘက်က တာဝန်ရှိသူတွေက ဘောလုံးကန်ရင်း ေ-သဆုံးတယ်လို့ လိမ်လည်ခဲ့ပြီး မနေ့ညနေကတော့ Tiktok လူမှုကွန်ရက်မှာ ရွှေပြည်သာ အထက ၁ ကျောင်းသားတွေ ခိုက်ရန်ဖြစ်တဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့လာတယ်လို့ ဆိုပါတယ်။အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အထက ၁ ကျောင်းအုပ်နဲ့တကွ အတန်းပိုင်ဆရာတွေ ဖြေရှင်းနေရပြီး အခုချိန်ထိ သတင်းအမှန်ကို ထုတ်ပြန်တာ မရှိသေးဘူးလို့ ကျောင်းသားမိဘတယောက်ကပြောပါတယ်။



