ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ် ၁ အထက်တန်းကျောင်းမှာကျောင်းသားအခြင်းခြင်းရန်ဖြစ်ပြီးထိုးကြိတ်ကြရာကနေ တစ်ဦးသေဆုံးသွားတယ်လို့ကနဦးသတင်းရရှိပါတယ်။မနေ့ကဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမုန့်စားဆင်းချိန်မှာပဲ ကျောင်းသားအချင်းချင်းအုပ်စုဖွဲ့ထိုးကြိတ်ကြရာကနေ Grade 8 ကျောင်းသားတစ်ဦးရဲ့ထိုးကြိတ်ကန်ကျောက်မှုကြောင့် Grade 7 ကျောင်းသားမောင်မိုးသူရိန်ဆိုသူဟာနေရာမှာပင်အသက်ရှုကြပ်ပြီးသေဆုံးသွားတယ်လို့ဆိုပါတယ်။ဒီလိုကျောင်းသားခြင်းအုပ်စုဖွဲ့ထိုးကြိတ်မှုကြောက့်သေဆုံးသွားတဲ့ဖြစ်စဥ်ကိုကျောင်းတာဝန်ရှိသူတွေဖက်ကဘောလုံးကန်ရင်းသေဆုံးသွားတာဆိုပြီးဖုံးဖိဖို့ကြိုးစားနေတယ်လို့သိရပါတယ်။



